မွေးဖွားရာမှသည်သေခြင်းဆီသို့အဆုံးရှိသောရှင်သန်နေသည့်ကြားကာလကိုဘ၀ဟု
မှတ်ယူကြရမည်ဆိုလျှင်ရှင်သန်နေသောဘ၀သည်အဘယ်အရာအတွက်
အသက်ရှင်နေကြရသနည်း။လူတိုင်းအတွက်အမျိုးမျိုးသောနှစ်သက်ကျေနပ်စရာ
အဖြေများရှိနေပါလိမ့်မည်။မိမိအနှစ်သက်ဆုံးအဖြေမှာမျှော်လင့်ချက်ဖြစ်သည်။
မျှော်လင့်ချက်ကင်းသောဘ၀သည်အချည်းနှီးသာဖြစ်မည်။ရှင်သန်နေသောဘ၀တွင်
ကုန်လွန်ခဲ့ပြီးသောအတိတ်ကာလ၊လက်ရှိရင်ဆိုင်နေရသောပစ္စုပ္ပန်ကာလနှင့်
နောင်လာမဲ့မျှော်လင့်ရာအနာဂတ်ကာလဟူ၍ရှိနေပါသည်။လက်ရှိရှင်သန်နေသော
လူသား၏မျှော်လင့်ရာသည်အနာဂတ်ဖြစ်နေသလိုအတိတ်ကာလ၏ဖြစ်ရပ်များစွာ
ကိုလည်းအနာဂတ်ကာလဲထိသယ်ဆောင်နေကြသည်။အတိတ်၏မှတ်မှတ်သားသား
ပုံရိပ်များကိုသယ်ဆောင်၍အနာဂတ်ကိုမျှော်လင့်ချက်ကြီးစွာတမ်းတနေခြင်းသည်
ဘ၀ဖြစ်၏။တစ်ခါတစ်ရံပစ္စုပ္ပန်ကိုမေ့လျော့နေတတ်ကြသည်။ဤသို့သောလူသား၏
မျှော်လင့်ချက်အောင်မြင်မှုကားအဘယ့်နည်း။အတိတ်မှာလည်းမရှိ၊အနာဂတ်မှာလည်း
မရှိ၊ပစ္စုပ္ပန်၌သာရှိ၏။ရင်ဆိုင်နေရသောပစ္စုပ္ပန်မှသည်နောင်လာမည့်အနာဂတ်
အောင်မြင်ခြင်းအခွင့်အလမ်းကိုကြိုးပမ်းနေရခြင်းသည်ပင်ဘ၀အဓိပ္ပါယ်ပင်ဖြစ်သည်။
ဤသို့ကြိုးပမ်းရာတွင်အတိတ်ကိုမမေ့မလျော့သတိနဲ့ဆင်ခြင်ပြီးသင်ခန်းစာများရယူ
နိုင်ပါသည်။လွန်ကဲစွာပြန်လည်သုံးသပ်ခြင်းပြုမနေသင့်ပါ။အတိတ်ဆိုသည်မှာ
မေ့လျော့လို့ရကောင်းသောအရာမဟုတ်သလိုလိုအပ်သည်ထက်ပိုမိုဆင်ခြင်ခြင်း
လည်းမပြုသင့်ပေ။ငါမသေနိုင်သေးဘူး၊အချိန်တွေအများကြီးရှိပါသေးတယ်ဟူသော
အတ္တ၏မြေုာက်ထိုးပင့်ကော်တိုက်တွန်းမှုနှင့်လောဘ၏သွေးဆောင်မှုတို့သည်
်
်ဘ၀၏မဆုံးနိုင်သောမျှော်လင့်ချက်ကိုဖြစ်စေနိုင်သည်။လက်ရှိပစ္စုပ္ပန်နဲ့လိုက်လျောမှု
မရှိသောမျှော်လင့်ချက်များဖြင့်ကံကြမ္မာကိုအားကိုးပြီးစိတ်ကူးယဉ်ဆန်ဆန်
ဘ၀ထဲမှာတ၀ဲလည်လည်ဖြစ်နေတတ်မျိုးလဲရှိနိုင်သည်။
အဲဒါတွေကြောင့်ဘ၀မှာမဖြစ်နိုင်တာမရှိဘူး၊မဖြစ်သေးတာပဲရှိတယ်ဆိုတဲ့အားပေးမှုကို
ယုံကြည်ကိုးစားပြီးဘာမဆိုလောကမှာမျှော်လင့်လို့ရနိုင်ပါ့မလား?
လက်ရှိပစ္စုပ္ပန်ရဲ့ရောင်ပြန်ဟပ်မှုအပေါ်စဉ်းစားချင့်ချိန်နိုင်ရန်လိုအပ်ပါသည်။
ဤနေရာတွင်ဂရိဒဿနပညာရှင်ကြီးဆိုကရေးတီး(socrates)ပြောသလို
ို
“မိမိကိုယ်ကိုသိပါ”(know thyself)ဆိုသောစကားကိုသတိပြုသင့်ပေသည်။
ယနေ့ပစ္စုပ္ပန်တွင်မိမိသည်မည်သည့်နေရာကိုရောက်ရှိနေသနည်း။
အနာဂတ်ကိုခရီးဆက်ဖို့ အင်အားဘယ်မျှရှိနေသနည်း။
မိမိကိုယ်ကို အရင်သိအောင်ကြိုးစားသင့်သည်။ ထိုနောက်မှသာပစ္စုပ္ပန်ဘ၀ကို
နားလည်ပြီးလက်တကမ်းရှိသည့်အောင်မြင်မှုအနာဂတ်မှကျော်ဖြတ်ပြီး
ခရီးဆက်ရပေမည်။ဥပမာအားဖြင့်အောက်ထပ်မှအပေါ်ထပ်သို့ရောက်ရှိရန်
လှေကားတစ်ခု၏ပထမဆုံးလှေကားထစ်ကိုဦးစွာဖြတ်ရပေမည်။
မှုလနေရာနှင့်အနီးဆုံးကိုတက်လိုက်နိုင်ပါကနောက်ထပ်လှေကားထစ်များကို
အောင်မြင်စွာဆက်တိုက်ကျော်ဖြတ်နိုင်ခြင်းဖြင့်မိမိမျှော်လင့်ရာသို့အောင်မြင်စွာ
ရောက်ရှိမည်ဖြစ်သည်။လူသားတိုင်းမိမိဘ၀တွင်အနာဂတ်ကိုဘယ်၍ဘယ်မျှ
ဘယ်အတိုင်းအတာထိမဆိုမျှော်လင့်နိုင်တဲ့အခွင့်ရှိနေပါတယ်။ဒါပေမဲ့လက်တွေ့
ပစ္စုပ္ပန်မှာရောက်မလာနိုင်တဲ့စိတ်ကူးယဉ်မျှော်မှန်းချက်ဖြစ်ခဲ့ရင်တော့
ပီပီပြင်ပြင်နားလည်ထားဖို့တော့လိုအပ်ပါတယ်။အမှန်တကယ်ရင်ဆိုင်ရမှာက
လက်ရှိရောက်နေတဲ့ဘ၀ကိုပီပြင်စွာနားလည်ပြီးမိမိနဲ့သက်ဆိုင်တဲ့လက်တစ်ကမ်း
အောင်မြင်မှုတွေကို ကြိုးစားလျှောက်လှမ်းဖို့ပါပဲ။
(ကျွန်မမှာလည်းမျှော်လင့်ချက်လေးရှိနေပါတယ်၊ကျွန်မရဲ့မျှော်လင့်ချက်လေးလိုပဲလူသားတိုင်းမှာရှိတဲ့မျှော်လင့်မှုတွေပြည်ဝပါစေ)

1 comment:
can i know ur hopeness?
ayuu lay!
Post a Comment