Speak yr feeling!
Emotions and Feeling that are hidden repressed,and in illnesses as: gastritis ,ulcer,lumbar pains,spinal. With time,the repression of the feeling degenales to the cancer. Then we go to a confidante,to share our intimacy,our"secrets",our error!
The dialogue,the speech,the word,is a powerful remedy and an excellent therapy!
Subscribe to:
Post Comments (Atom)

1 comment:
လူ့ဘ၀ လမ်းခရီးတစ်လျောက်မှာလည်း စမ်းချောင်းလေးလိုပဲ အခက်အခဲ အတားအဆီးတွေကို ရင်ဆိုင် ကျော်ဖြတ်ပြီးမှ ကိုယ်လိုရာ ပန်းတိုင်ကို ရောက်ကြရတယ်။ ရှေ့ကို ခရီးဆက်ဖို့ တစ်ခါတလေမှာ “ငါဆိုတဲ့ အစွဲ၊ အတ္တ” တွေကိုဖယ်နိုင်တဲ့ ဥာဏ်နဲ့ သတ္တိတွေလိုတယ်။
ဒါမှမဟုတ်.....
“ငါ့ရဲ့ နဂိုစိတ်ထားက ဘာလဲ”
“ငါ တင်းတင်းဆုပ်ကိုင်ပြီး လက်မလွတ်နိုင်တဲ့ အရာက ဘာလဲ”
“ငါ တကယ့်လိုနေတာ ဘာလဲ” လို့ တစ်ခါတလေ ကိုယ့်ကို ပြန်ဆန်းစစ်ကြည့်သင့်တယ်။ ဘ၀မှာ ပုံစံ သဏ္ဍာန်တွေက တစ်ခုထဲရှိတာ မဟုတ်ပါ ဘူး... ပတ်ဝန်းကျင်ကို ပြောင်းလဲလို့ မရခဲ့ရင် ကိုယ့်ကို ပြောင်းလဲ ကြည့်မယ်။ ဒါပေမယ့် နဂိုရှိရင်းစွဲ ကိုယ့်ရဲ့စိတ်ဓာတ်နဲ့ စိတ်ထားကို မပြောင်းလဲသရွေ့ ကိုယ်ဟာ ကိုယ်ပါပဲ...
“ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”
လူ့ဘ၀ လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း ကိုယ့်ကို ဗဟုသုတတွေနဲ့ ပေါများနေသင့်တယ်။ အရင်ခေတ်တုန်းကတော့ ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ ပုဆိန်ကို သွေးနေသင့်တယ်။ နို့မဟုတ်ရင် ခေတ်က ကိုယ့်ကို ပယ်ထုတ် သွားနိုင်တယ်။
သူငယ်ချင်း မိတ်ဆွေဆိုတာ ဘ၀မှာ အဖိုးတန်တဲ့ အပေါင်းအဖော်တွေပါ။ မတော်တဆ ပြောလိုက်မိတဲ့ စကားလေးတစ်ခွန်းနဲ့ အပြုအမှုအတွက် သင် စိတ်ထိခိုက်နေသလား... သင့်လက်ထဲက လိမ္မော်ချိုလေး တစ်စိပ်ကို မျှဝေလိုက်ပါ..... နှလုံးသားရဲ့ ရီမောသံတွေကို သင် ပြန်ကြားပါလိမ့်မယ်။
Post a Comment