Sunday, June 22, 2008

မျှော်လင့်ချက်
မွေးဖွားရာမှသည်သေခြင်းဆီသို့အဆုံးရှိသောရှင်သန်နေသည့်ကြားကာလကိုဘ၀ဟု

မှတ်ယူကြရမည်ဆိုလျှင်ရှင်သန်နေသောဘ၀သည်အဘယ်အရာအတွက်


အသက်ရှင်နေကြရသနည်း။လူတိုင်းအတွက်အမျိုးမျိုးသောနှစ်သက်ကျေနပ်စရာ


အဖြေများရှိနေပါလိမ့်မည်။မိမိအနှစ်သက်ဆုံးအဖြေမှာမျှော်လင့်ချက်ဖြစ်သည်။


မျှော်လင့်ချက်ကင်းသောဘ၀သည်အချည်းနှီးသာဖြစ်မည်။ရှင်သန်နေသောဘ၀တွင်


ကုန်လွန်ခဲ့ပြီးသောအတိတ်ကာလ၊လက်ရှိရင်ဆိုင်နေရသောပစ္စုပ္ပန်ကာလနှင့်


နောင်လာမဲ့မျှော်လင့်ရာအနာဂတ်ကာလဟူ၍ရှိနေပါသည်။လက်ရှိရှင်သန်နေသော


လူသား၏မျှော်လင့်ရာသည်အနာဂတ်ဖြစ်နေသလိုအတိတ်ကာလ၏ဖြစ်ရပ်များစွာ


ကိုလည်းအနာဂတ်ကာလဲထိသယ်ဆောင်နေကြသည်။အတိတ်၏မှတ်မှတ်သားသား


ပုံရိပ်များကိုသယ်ဆောင်၍အနာဂတ်ကိုမျှော်လင့်ချက်ကြီးစွာတမ်းတနေခြင်းသည်


ဘ၀ဖြစ်၏။တစ်ခါတစ်ရံပစ္စုပ္ပန်ကိုမေ့လျော့နေတတ်ကြသည်။ဤသို့သောလူသား၏


မျှော်လင့်ချက်အောင်မြင်မှုကားအဘယ့်နည်း။အတိတ်မှာလည်းမရှိ၊အနာဂတ်မှာလည်း


မရှိ၊ပစ္စုပ္ပန်၌သာရှိ၏။ရင်ဆိုင်နေရသောပစ္စုပ္ပန်မှသည်နောင်လာမည့်အနာဂတ်

အောင်မြင်ခြင်း
အခွင့်အလမ်းကိုကြိုးပမ်းနေရခြင်းသည်ပင်ဘ၀အဓိပ္ပါယ်ပင်ဖြစ်သည်။

ဤသို့ကြိုးပမ်းရာ
တွင်အတိတ်ကိုမမေ့မလျော့သတိနဲ့ဆင်ခြင်ပြီးသင်ခန်းစာများရယူ

နိုင်ပါသည်။
လွန်ကဲစွာပြန်လည်သုံးသပ်ခြင်းပြုမနေသင့်ပါ။အတိတ်ဆိုသည်မှာ

မေ့လျော့လို့ရကောင်းသော
အရာမဟုတ်သလိုလိုအပ်သည်ထက်ပိုမိုဆင်ခြင်ခြင်း

လည်းမပြုသင့်ပေ။
ငါမသေနိုင်သေးဘူး၊အချိန်တွေအများကြီးရှိပါသေးတယ်ဟူသော

အတ္တ၏မြေုာက်ထိုးပင့်ကော
်တိုက်တွန်းမှုနှင့်လောဘ၏သွေးဆောင်မှုတို့သည်

်ဘ၀၏မဆုံးနိုင်သောမျှော်လင့်ချက်ကို
ဖြစ်စေနိုင်သည်။လက်ရှိပစ္စုပ္ပန်နဲ့လိုက်လျောမှု

မရှိသောမျှော်လင့်ချက်များဖြင့်ကံကြမ္မာကို
အားကိုးပြီးစိတ်ကူးယဉ်ဆန်ဆန်

ဘ၀ထဲမှာတ၀ဲလည်လည်ဖြစ်နေတတ်မျိုးလဲရှိနိုင်သည်။


အဲဒါတွေကြောင့်ဘ၀မှာမဖြစ်နိုင်တာမရှိဘူး၊မဖြစ်သေးတာပဲရှိတယ်ဆိုတဲ့အားပေးမှုကို


ယုံကြည်ကိုးစားပြီးဘာမဆိုလောကမှာမျှော်လင့်လို့ရနိုင်ပါ့မလား?


လက်ရှိပစ္စုပ္ပန်ရဲ့ရောင်ပြန်ဟပ်မှုအပေါ်စဉ်းစားချင့်ချိန်နိုင်ရန်လိုအပ်ပါသည်။


ဤနေရာတွင်ဂရိဒဿနပညာရှင်ကြီးဆိုကရေးတီး(socrates)ပြောသလို

ို
“မိမိကိုယ်ကိုသိပါ”(know thyself)ဆိုသောစကားကိုသတိပြုသင့်ပေသည်။


ယနေ့ပစ္စုပ္ပန်တွင်မိမိသည်မည်သည့်နေရာကိုရောက်ရှိနေသနည်း။


အနာဂတ်ကိုခရီးဆက်ဖို့ အင်အားဘယ်မျှရှိနေသနည်း။


မိမိကိုယ်ကို
အရင်သိအောင်ကြိုးစားသင့်သည်။ ထိုနောက်မှသာပစ္စုပ္ပန်ဘ၀ကို


နားလည်ပြီးလက်တကမ်းရှိသည့်အောင်မြင်မှုအနာဂတ်မှကျော်ဖြတ်ပြီး

ခရီးဆက်ရပေမည်။
ဥပမာအားဖြင့်အောက်ထပ်မှအပေါ်ထပ်သို့ရောက်ရှိရန်

လှေကားတစ်ခု၏ပထမဆုံး
လှေကားထစ်ကိုဦးစွာဖြတ်ရပေမည်။

မှုလနေရာနှင့်အနီးဆုံးကိုတက်လိုက်နိုင်ပါက
နောက်ထပ်လှေကားထစ်များကို

အောင်မြင်စွာဆက်တိုက်ကျော်ဖြတ်နိုင်ခြင်းဖြင့်
မိမိမျှော်လင့်ရာသို့အောင်မြင်စွာ

ရောက်ရှိမည်ဖြစ်သည်။လူသားတိုင်းမိမိဘ၀တွင်
အနာဂတ်ကိုဘယ်၍ဘယ်မျှ

ဘယ်အတိုင်းအတာထိမဆိုမျှော်လင့်နိုင်တဲ့အခွင့်ရှိနေပါတယ်။
ဒါပေမဲ့လက်တွေ့

ပစ္စုပ္ပန်မှာရောက်မလာနိုင်တဲ့စိတ်ကူးယဉ်မျှော်မှန်းချက်ဖြစ်ခဲ့ရင်တော့


ပီပီပြင်ပြင်နားလည်ထားဖို့တော့လိုအပ်ပါတယ်။အမှန်တကယ်ရင်ဆိုင်ရမှာက


လက်ရှိရောက်နေတဲ့ဘ၀ကိုပီပြင်စွာနားလည်ပြီးမိမိနဲ့သက်ဆိုင်တဲ့လက်တစ်ကမ်း


အောင်မြင်မှုတွေကို ကြိုးစားလျှောက်လှမ်းဖို့ပါပဲ။


(ကျွန်မမှာလည်းမျှော်လင့်ချက်လေးရှိနေပါတယ်၊ကျွန်မရဲ့မျှော်လင့်ချက်လေးလိုပဲလူသားတိုင်းမှာရှိတဲ့မျှော်လင့်မှုတွေပြည်ဝပါစေ)


1 comment:

Anonymous said...

can i know ur hopeness?
ayuu lay!

Computer University