“မနက်အတွက်တွေပူနေမည့်အစား ယနေ့အလုပ်လုပ်ပါ
ဘ၀ကိုကြောက့်ရွံနေမည့်အစား ခံစားပါ
ကျွန်ုပ်တို့သည် ဤလမ်းကို ဤတစ်ကြိမ်သာ ဖြတ်သန်းသွားရမည်ဖြစ်သည်”
“မိမိကိုယ်ကိုစီမံခန့်ခွဲရန် ဦးနှောက်ကိုသုံးပါ
သူတပါးအားစီမံခန့်ခွဲရန် နှံလုံးသားကိုသုံးပါ”
“ပူဆွေးသောဌက်များ သင့်ခေါင်းပေါ်မှ ဖြတ်သန်းသွားခြင်းကို
သင်တားဆီးမရနိုင်ပါ၊ သို့သော်သင့်ခေါင်းပေါ်၌ အသိုက်ဆောက်အခြေချ
နေထိုင်မည့်အရေးကိုတော့ သင်ကောင်းစွာတားဆီးနိုင်ပါသည်”
“ရေတစ်ဝက်ဘဲရှိတော့တယ်” “ရေကတစ်ဝက်ကြီးများတောင်ကျန်ပါသေးလား”
ဤစကားနှစ်ခွန်း၏ အတိမ်အနက်ကားမိုးနှင့်မြေလောက်ကွာခြားနိုင်သည်။
“ပစ္စည်းဥစ္စာဆုံးရှုံးလျှင် ဘာမှမဆုံးရှုံး
ကျန်းမာရေးပျောက်ဆုံးလျှင် တစ်ဝက်ဆုံးရှုံးပြီ
အကျင့်စာရိတ္တ ပျက်ယွင်းလျှင်ကား အားလုံးဆုံးရှုံးသွားပါပြီ”
နှစ်သက်မိသောစာစုများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment