- မေတ္တာ-မေတ္တာစိတ်ထားတတ်ဖို့(အယုတ်အလတ်၊အမြတ်မရွေး)
- ကရုဏာ-ကြင်နာသနားဖို့ (ကိုယ့်ထက်နိမ့်ကျသူတွေအပေါ်)
- မုဒိတာ-၀မ်းမြောက်ဝမ်းသာရှိဖို့ (ကိုယ့်ထက်မြင့်သူတွေအတွက်)
- ဥပေက္ခာ-အထက်ကမေတ္တာထားလို့မရတော့ဘူး၊ကရုဏာလည်းထားလို့မရ၊
ကိုယ့်ကိုကိုယ်ပြန်မေးဘူးတယ်၊လူတိုင်းအပေါ်မေတ္တာစိတ်တွေထားနိုင်နေပြီလား? အားနည်းနေပါသေးတယ်
ဂရုဏာသနားစိတ်တော့အမြဲတမ်းရှိနေပေမဲ့ ကိုယ်ကျိုးစွန့်ပြီးကူညီနိုင်ဖို့အတွက်အများကြီးလိုအပ် နေပါသေး တယ်၊ မုဒိတာ ဒီစိတ်လေးထားနိုင်ဖို့ လည်းအားနည်းပါတယ်၊ အပင်ပန်းဆုံးလို့ခံစားမိတယ်၊အဲဒီစိတ်နဲ့အတူ ၀န်တိုစိတ်ကလည်းယှဉ်တွဲပြီးပါနေလို့ပါဘဲ၊ ဥပေက္ခာ တော့ဘယ်သူ့ကိုမှမလုပ်နိုင်သေးပါဘူး။
“ဘယ်လောက်ပင် စားရစားရ
တစ်ဝမ်းဝရုံဘဲ
ဘယ်လောက်ပင် ၀တ်ရ၀တ်ရ
အရေပြားဖုံးရုံလေးဘဲ
ဘယ်လောက်ပင် အိပ်ရနေရ
တကိုယ်စာလေးဘဲ
ကုသိုလ်ပြုလျှင်ကိုယ်ဖို့
ကျန်ခဲ့ရင်သူများဖို့”
(ကိုယ့်ကိုကိုယ်အမြဲဆုံးမနေရတဲ့စကားလေးပါ)
ကိုယ်ရဲ့လိုအင်ဆန္ဒနဲ့ သူများရဲ့လိုအင်ဆန္ဒကိုယှဉ်တွဲပြီးရွေးချယ်ရတဲ့အခါတိုင်းတွေးမိပါတယ်။

No comments:
Post a Comment