စိတ်ကြည်လင်ငြိမ်းချမ်းမှုဟူသည်
အသိဉာဏ်ပညာမှထွက်ပေါ်လာသည့်ရတနာတစ်ပါးဖြစ်သည်။
မိမိကိုယ်ကိုစောင့်ကြည်ထိန်းချုပ်သောအလုပ်ကိုနှစ်ရှည်လများ လုပ်ကိုင်ခဲ့ခြင်း၏
အကျိုးရလဒ်လည်းဖြစ်သည်။
စိတ်ကြည်လင်ငြိမ်းချမ်းမှုသည် အတွေ့အကြုံရင့်ကျက်မှု့ကိုပြသည်။
အတွေးနိယာမတို့ လုပ်ကိုင်ဆောင်ရွက်ပုံသဘောကို သာမန်မျှမကနားလည်သိကျွမ်း
ထားကြောင်းလည်းထင်ရှားစေသည်။
မိမိကိုယ်ကို အတွေးအကြံမှဖြစ်ပေါ်လာသူဟူ၍ သိမြင်နားလည်လာသည်နှင့်အမျှ
လူသည်တည်ငြိမ်အေးချမ်းမှုရရှိလာသည်။
ထိုသူသည်အခြားသူများအပေါ်၌လည်းမှန်ကန်စွာသုံးသပ်ရှုမြင်လာနိုင်သည်။
အကြောင်းကိစ္စရပ်များနှင့်ပတ်သက်၍ အပေါ်ယံကြောမဟုတ်ပဲ ကြောင်းကျိုးဆက်စပ်
ဖြစ်ပေါ်သည့် အနှစ်သာရသဘောကိုပို၍ လေးလေးနက်နက်သိမြင်လာနိုင်သည်။
ထိုအခါသူသည် စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ယောက်ယက်ခတ်ခြင်း၊ဒေါသအမျက်ထွက်လွယ်၊
လှုပ်ရှားထကြွလွယ်ခြင်းများလျော့ပါးပျောက်ကွယ်သွားလိမ့်မည်။
စိုးရိမ်ကြောင့်ကြ နှင့်သောကဗျာပါဒများလဲ ကင်းကာမယိမ်းမယိုင်ကြံ့ခိုင်သူ၊
တည်ငြိမ်အေးချမ်းသူဖြစ်လာပေမည်။
(စိတ်လှုပ်ရှားလွယ်သောမိမိအတွက်ဖြစ်ပါသည်)
Subscribe to:
Post Comments (Atom)

No comments:
Post a Comment