သင်္ခါရ
“၀ါး” ကနဲစူးစူးရှရှအော်ငိုသံနဲ့
ပိန်းပိတ်အောင် မှောင်နေတဲ့ဘ၀လမ်းကို
စတင်လို့ ဖြတ်သန်းအပြီးမှာ
“၀ါး”ကနဲ စူးစူးရှရှအော်ငိုသံနဲ့ပဲ
မသိမသာ ပျောက်ကွယ်သွားကြတယ်.....
မှောင်မည်းနေတဲ့ ဒီခရီးမှာ
မျက်စိနှစ်ကွင်းက လင်းအောင်မစွမ်းနိုင်ဘူး
တည့်တည့်လျှောက်သူကလျှောက်
ကောက်ကွေ့ပြီး လျှောက်သူကလျှောက်
ခေါင်းမော့ပြီး လျှောက်သူကလျှောက်
ခေါင်းငုံ့ပြီး လျှောက်သူကလျှောက်
မာနတွေထား အမုန်းတွေပွားလို့
ရုးရုးမိုက်မိုက် ခလုတ်တွေတိုက်လို့
မာန်ကမရှိ ဟန်အတိနဲ့
ဘယ်လောက်တောင် ခံနိုင်ရည်ရှိကြမလဲ
(သေချာပါတယ်)
ချောက်ထဲကျမသွားခင် အချိန်အထိပေါ့......
ဒီနေ့ငါဟာ မနေ့ကငါလား?
ဒီနေ့သူဟာ မနေ့ကသူလား?
“ပြောင်းလဲခြင်းသည် သာ
မပြောင်းလဲသောအရာဖြစ်သည်” တဲ့
လူတစ်ဦး သေဆုံးခြင်းဟာ
ဝမ်းနည်းစရာပါ
လူတစ်ရာတစ်ထောင်သေဆုံးတော့
စာရင်းတစ်ခုဖြစ်တာပေါ့......
အသက်ခြောက်ဆယ်ဆိုတာလည်း
တကယ်တော့ ခေါင်းတိုင်ထက်က
မီးနစ်အနည်းငယ်သာ ကြာရှည်ခံတဲ့
မီးခိုးငွေ့လေးပါဘဲ......
သူငယ်ချင်းရေ
ဘာမှ ပူမနေပါနဲ့
အချိန်တန်ရင်
ငါတို့အားလုံး သေသွားကြမှာပါ.....
(12.9.03)
Subscribe to:
Post Comments (Atom)

No comments:
Post a Comment