Friday, June 6, 2008

MY OPINION

"Marriage is between heaven and hell,but it is nearer to hell"

4 comments:

moez said...

I'm not agree with that word. Marriage is not heaven or hell.. marriage is life.A person must do it for a life is alive.

Khayae Nyo said...

I also not agree this concept. I think, you don't have boy friend who like on you. Har ha

moez said...

I would like u to write a post day by day.Bcoz if there has no new post,ur blog is not alive same like life is without love.I'm ready to read about yr new post!

ရှင်သန်မှု said...

Please read the following short stories to reconsider your option.

Wednesday, May 16, 2007
I M POSSIBLE



အမေရိကန်က Pontiac ကားကုမ္ပဏီနဲ့ ကန်စတန်မာကြားမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် တစ်ခုလို့ ဖတ်ရပါတယ်။

တစ်နေ့တွင် Pontiac ကားကုမ္ပဏီမှ တိုင်ကြားစာ တစ်စောင် လက်ခံရရှိခဲ့သည်။ စာမှာ အောက်ပါ အတိုင်းဖြစ်သည်။ “ဒီစာက ဒုတိယမြှောက် ပို့တဲ့စာဖြစ်ပါတယ်။ ခင်ဗျားတို့ စာမပြန်တာကို ကျွန်တော်အပြစ် မတင်ပါဘူး။ ခင်ဗျားတို့က ကျွန်တော့်ကို စိတ်မနှံ့သူလို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမယ့် ဒီကိစ္စဟာ တကယ့်ဖြစ်ပျက် ခဲ့ပါတယ်။ ကျွန်တော်တို့ အိမ်မှာ ညစာစားပြီးတိုင်း ရေခဲမုန့်စားတဲ့ အကျင့်ရှိပါတယ်။ ရေခဲမုန့်က အမျိုးစုံတော့ ဘယ်အမျိုးအစား ရေခဲမုန့် စားမလဲဆိုတာကို ထမင်းစားပြီးမှ ကျွန်တော်တို့ မဲပေးကြ ပါတယ်။ အားလုံးသဘော တူ ဆုံးဖြတ်ပြီးမှ ကားမောင်းပြီး ရေခဲမုန့်သွားဝယ်ပါတယ်။

ခင်ဗျားတို့ ကုမ္ပဏီထုတ် ကားတစ်စီးကို ၀ယ်ပြီးတဲ့နောက် ပြဿနာတက် ပါတော့တယ်။ ခင်ဗျားတို့ သိလား... ကားမောင်းပြီး ရေခဲမုန့် သွားဝယ်တဲ့အခါတိုင်း ကျွန်တော်ဝယ်မဲ့ ရေခဲမုန့်က (vanilla) အမျိုးအစားဆိုရင် ကားက စက်ပြန်နိုးလို့ မရတော့ဘူး။ တစ်ခြား အမျိုးအစားရေခဲမုန့်ဝယ်ရင် ကားက စက်နိုးလို့ရတယ်။ ဒီကိစ္စက နားထောင်လိုက်တာနဲ့ မဖြစ်နိုင်တဲ့ ကိစ္စဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဘာကြောင့် အဲဒီအမျိုးအစား ရေခဲမုန့်ဝယ်တိုင်း ကားစက်နိုးလို့ မရတာလဲဆိုတာကို ကျွန်တော်သိချင်ပါတယ်။ (vanillaကို မြန်မာအဘိဓာန်ထဲမှာ ကြည့်တော့ မွှေးသော ပန်းပင်တစ်မျိုး၊ သစ်ခွပန်းမျိုးလို့ ရေးထားပါတယ်။ အဲဒီပန်းနံ့မျိုးနဲ့ လုပ်ထားတဲ့ ရေခဲမုန့်လို့ ထင်ပါတယ်)

ထိုစာကိုဖတ်ပြီး ကုမ္ပဏီ မန်နေဂျာက သံသယစိတ်နှင့် စက်ပြင်အင်ဂျင်နီယာ တစ်ဦးကို အကျိုးအကြောင်း စုံစမ်းရန် စေလွှတ်ခဲ့သည်။ အင်ဂျင်နီယာ သွားရောက်ပြီးနောက် စာပို့ခဲ့သူမှာ အောင်မြင်နေသည့် ပညာတတ် လူတန်းစားတစ်ဦး ဖြစ်ကြောင်းကို တအံတသြ တွေ့လိုက်ရသည်။ သူရောက်ရှိချိန်သည် ညစာစားပြီး ရေခဲမုန့်သွားဝယ်မည့် အချိန်ဖြစ်သည်။ ကားကို စမ်းသပ်ရန်အတွက် သူတို့နှစ်ဦး ရေခဲမုန့် ထွက်ဝယ်ခဲ့ကြသည်။ vanilla ရေခဲမုန့်ဝယ်ပြီး ကားပေါ် ပြန်ရောက်သောအခါ ကားမှာ စက်ပြန်နိုး၍ မရတော့ပေ။

အင်ဂျင်နီယာက (၃)ည ဆက်တိုက် သွားရောက် စစ်ဆေးခဲ့သည်။ ချောကလက် ရေခဲမုန့် ၀ယ်သည့်ညက ကားမှာ ပကတိအကောင်းဖြစ်သည်။ ဒုတိယည စတော်ဘယ်ရီရေခဲမုန့် ၀ယ်ချိန်တွင်လည်း အကောင်းဖြစ်ပြီး တတိယည vanilla ရေခဲမုန့် ၀ယ်ချိန်တွင် စက်ပြန်နိုး မရခဲ့ပေ။ ဦးနှောက်စားစေသော ထိုပြဿနာ၏ အဖြေကို အင်ဂျင်နီယာက ပိုသိချင်ခဲ့သည်။ သို့နှင့် တူညီသော လမ်းခရီးတွင် ဖြစ်ပျက်သည်များကို သူမှတ်သား ထားလိုက်သည်။ ထွက်ခွါချိန်နှင့် ပြန်ရောက်ချိန်၊ ဆီအမျိုးအစားများပါမကျန် မှတ်ထား လိုက်သည်။ နောက်ဆုံးရလဒ်မှာ vanilla ရေခဲမုန့် ၀ယ်ချိန်သည် တစ်ခြား ရေခဲမုန့်ဝယ်ချိန်ထက် အချိန်နည်း နေကြောင်း သူသတိပြုမိခဲ့သည်။

အကြောင်းမှာ ရေခဲမုန့်ဆိုင်၏ အပြင်အဆင်နှင့် ပတ်သက်နေသည်။ vanillaရေခဲမုန့်မှာ ရောင်းအား ကောင်းသောကြောင့် ထိုရေခဲမုန့်အား စားသုံးသူများ အလွယ်တကူ မြန်မြန်ဆန်ဆန် ၀ယ်နိုင်စေရန် ငွေသိမ်းကောင်တာနှင့် နီးသည့်နေရာတွင်ထားပြီး ကျန်ရေခဲမုန့်များကို ဝေးသောနေရာ၌ ထားသောကြောင့် ဖြစ်သည်။ ကားကို စက်သတ်ပြီး အချိန်တိုအတွင်း ပြန်နိုးမရဖြစ်ခြင်းမှာ ရေခဲမုန့် အမျိုးအစားကြောင့် မဖြစ်နိုင်ဟု အင်ဂျင်နီယာက ခန့်မှန်းမိသည်။ ဖြစ်နိုင်သည့်အရာမှာ အပူငွေ့ပျံ ခြင်းနှင့်သက်ဆိုင်မည်။ အခြားအမျိုးအစား ရေခဲမုန့် ၀ယ်ချိန်တွင် အချိန်ပိုကြာ သောကြောင့် အင်ဂျင်မှာ လုံလောက်သော အငွေ့ပျံခြင်း ရပြီး အလွယ်တကူ စက်ပြန်နိုးနိုင်ခဲ့သည်။ vanilla ရေခဲမုန့် ၀ယ်ချိန်တွင် အချိန်တို သောကြောင့် ပူနေသော အင်ဂျင်မှာ လုံလောက်သော အငွေ့ပျံခြင်းကို မရသဖြင့် စက်ပြန်နိုးမရခြင်းဖြစ်သည်။

တစ်ခါတရံ မဖြစ်နိုင်ဟုသော မေးခွန်းတစ်ချို့နှင့် ပြဿနာတစ်ချို့မှာ အမှန်တကယ် ဖြစ်ပွါးတတ်သည်။ ပြဿနာ၊ မေးခွန်းများကို ဖြေရှင်းချိန်တွင် ခေါင်းအေးအေးထား စဉ်းစားပြီး ဖြေရှင်းနည်းများကို ရှာခဲ့သော် အချို့ ပြဿနာမှာ ပို၍လွယ်ကူ သွားနိုင်သည်။ ကိုယ်တိုင် ပြဿနာနှင့် ကြုံသည့် အချိန်တွင်ဖြစ်စေ၊ တစ်ပါးသူက ကိုယ့်အား လာရောက်ပြောပြသည် အခါဖြစ်စေ မစဉ်းစား မဆင်ခြင်ဘဲ “မဖြစ်နိုင်(Impossible)” ဟုသော စကားကို လွယ်လင့်တကူ မပြောသင့်ပေ။

“မဖြစ်နိုင် (Impossible)” ဟုသော စကားကို သေချာလေ့လာကြည့်ပါက “ငါ ဖြစ်နိုင်တယ် I'm possible” ဆိုသော စကားလုံးကို တွေ့ရမည်ဖြစ်သည်။ ထိုစာလုံး နှစ်လုံး၏ ခြားနားချက်မှာ ကိစ္စတစ်ရပ်အား သင်မည်သည့် ရှုထောင့်က ကြည့်သည်၊ မည်သို့ နားလည်ဆုံးဖြတ်သည် ပင်ဖြစ်သည်။




ရေးသားသူ....... နိုင်းနိုင်းစနေ at 8:44:00 PM

Computer University