စိမ်းစိုတဲ့သစ်ပင်ကြီးတွေဖုံးအုပ်ပြီးလဲလျောင်းနေတဲ့
တောင်တန်းကြီးကိုကျွန်မငေးမောမိတဲ့အခါနှလုံးသားမှာ
အချစ်အတွက်အလွမ်းတွေစုလို့နေပါတယ်။
စိမ်းလန်းမှုအရိပ်ကအေးချမ်းမှုကိုပုံသဏ္ဍာန်ဖော်ပေးပါသလား။
လေပြေလေးရေခပ်ဖြည်းဖြည်းလေးတိုက်ခတ်ရင်း
အချစ်ဝတ်မှုန်လေးတွေကိုသယ်သွားပေးပါ။
အညိုရောင်တောင်တန်းကြီးလိုခိုင်မြဲမှုတွေနဲ့
ချစ်သူကိုချည်တွယ်ထားပါရစေ။
လေထဲ၊မိုးထဲ၊နေရောင်အောက်မှာမားမားရပ်နေတဲ့
အညိုရောင်တောင်တန်းကြီးလိုသစ္စာတရား
တွေနဲ့မားမားရပ်ပါရစေ။ချစ်သူရဲ့အတားအဆီးမဲ့
အချစ်တွေကိုကျွန်မယုံကြည်စွာချစ်ပါရစေ။
ကျွန်မရဲ့အေးစက်တဲ့ရိုးတွင်းချဉ်ဆီတွေကို
လောင်မြိုက်စေတဲ့ဝေဒနာတွေနဲ့တော့
အချစ်ကိုတည်ဆောက်ပိုင်ခွင့်မပေးချင်ပါဘူး။
လမင်းလိုအေးမြခြင်းနဲ့နေရောင်တွေလိုပူနွေးမှုတွေကို
နှလုံးသားထိရောက်အောင်ကျွန်မပွေ့ပိုက်ယူပါရစေ။

2 comments:
ဝေဒနာကင်းတဲ့ သစ္စာရင်းခံတဲ့ အကြွင်းမဲ့ချစ်ခြင်းတွေ ပိုင်ဆိုင်နိုင်ပါစေ...
အေးချမ်းမှုဆိုတာလိုချင်ရင်တဖက်သားကိုပူလောင်နေအောင်သွားမလုပ်ရဖူးလေ.ဒါမှကိုယ်ကိုတိုင်အေးချမ်းမှုကိုရမှာပေါ့။မေတ္တာဆိုတာအသွားအပြန်ရှိတယ်လေ။
Post a Comment