Saturday, July 5, 2008

ကဗျာ

သတိ
ရှင်းသန့်လို့ ကြည်လင်
မိုးကောင်းကင် ပြာလဲ့လဲ့
မျှတခြင်ရဲ့ နမိတ်......

အဆင်မပြေမှုကို လုယူလို့
မုသားကို လင်္ကာချောအောင်

မမောတမ်းပြော
မနောပန်းကတော့ ကြွေ

ရွှံ့မြေထက် မြက်ရိုင်းများက
အားပြိုင်နေကြ......
ညှာတာစွာထောက်ထား

သနားမှုဆိုတာ ကင်းကွာ

အတ္တဟာ အသံလွှင့်လို့ နေမြင့်ခဲ့ကြ......
မှောင်မိုက်တဲ့ လမ်းမှာ

ကန်းနေတာ သေချာတော့

အဖြေကေ၀၀ါး

သစ္စာတရားဆိုတာ မမြင်

လောကကို ဆန့်ကျင်ရင်

ကောင်းကင်က ဒါဏ်ခတ်လိမ့်မယ်......
(5.10.2003)

1 comment:

Anonymous said...

အေးဗျာ ကောင်းကင်က ဒဏ်တာကို ထိုင်စောင့်နေရတာ ကြာလိုက်တာဗျာ

Computer University