အပြုံး၏တန်ဖိုးပြုံးခြင်းသည်ဘာမျှမပင်ပန်း၊အလွန်တာသွား၏။
ပြုံးသောသူတွင်ဘာမျှ၊လျော့မသွားဘဲနှင့်အပြုံးခံ
ရသောသူတွင်အများကြီးရလိုက်၏။
ပြုံးခြင်းသည်လျှပ်တပြက်ခန့်ကြာသော်လဲတစ်ခါတစ်ရံထိုအပြုံးကိုအသက်လုံးမမေ့နိုင်။
ပြုံးခြင်းနှင့်ကင်း၍နေနိုင်လောက်အောင်ချမ်းသာကြွယ်ဝသူဟူ၍မရှိ။
ထိုပြုံးခြင်း၏အကျိုးကိုမခံစားနိုင်လောက်အောင်ဆင်းရဲသူဟူ၍လည်းမရှိ။
အပြုံးသည်အိမ်တွင်၌ချမ်းသာသုခကိုပေး၏။အလုပ်ခွင်၌မျက်နှာပွင့်လန်း၏။
မိတ်ဆွေအချင်းချင်း၏အထိမ်းအမှတ်ဖြစ်၏။
ပြုံးခြင်းသည်မောပန်းနေသူကိုအမောပြစေ၏။စိတ်အားငယ်သူကိုစိတ်အားတက်စေ၏။
ဝမ်းနည်းသူကိုဝမ်းသာစေ၏။
လူတိုင်း၏အတိဒုက္ခများကိုကုသရန်အတွက်အကောင်းဆုံးသောသဘာဝဓမ္မနည်းဖြစ်၏။
သို့သော်ပြုံးခြင်းကိုဝယ်၍သော်လည်းကောင်း၊တောင်း၍သော်လည်းကောင်း၊ချေးဌား၍
သော်လည်းကောင်း၊ခိုး၍သော်လည်းကောင်းမရနိုင်။
ပေးသူကသဒ္ဒါကြည်ဖြူစွာမပေးလျှင်ရသူမှာအကျိုးမထင်ချေ။
(မပြုံးနိုင်လောက်အောင်ပင်ပန်းလျက်ရှိသောသူထက်ပြုံးခြင်းကိုပို၍အလိုရှိသောသူမရှိပါ)
Dale Carnegie

No comments:
Post a Comment