Tuesday, July 22, 2008

မမေ့နိုင်သောနေ့လေး

အဲဒီနေ့တက္ကသိုလ်ရှေ့ကားမှတ်တိုင်မှာကားစောင့်ရင်းကြုံခဲ့ရတဲ့အဖြစ်လေးပါ။

ကျောင်းရှေမှတ်တိုင်မှာကျောင်းဆင်းချိန်ဖြစ်လို့မြို့ထဲပြန်မဲ့ဆရာ၊ဆရာမတွေ


ကျောင်းသားကျောင်းသူအများအပြားကားစောင့်နေကြပါတယ်။အဲဒီအချိန်မှာ


ပဲဘွဲ့လွန်တက်နေတဲ့ကျောင်းသူတစ်ယောက်ကျောင်းဝန်းထဲကထွက်လာ၊ကား


မှတ်တိုင်မရောက်ခင်လေးမှာပဲဖိနပ်ချော်ပြီးလဲကျပါတယ်။အဲဒီအဖြစ်အပျက်ကို


ကားမှတ်တိုင်မှာရှိနေသူအားလုံးမြင်လိုက်ကြပါတယ်။အဲဒီအခါမှာပဲလူတွေရဲ့


စိတ်ကိုမြင်ရပါတော့တယ်။ချော်လဲတဲ့မိန်းကလေးကိုကြည့်ပြီးမိန်းကလေးတော်


တော်များများရယ်ကြပါတယ်။ယောက်ျားလေးတစ်ချို့ကလွဲရင်မရယ်ကြပါဘူး။


အဲဒီမိန်းကလေးရဲ့သူငယ်ချင်းယောက်ျားလေးထင်ပါရဲ့ကူညီထူမပေးလို့နည်းနည်း


အရှက်ရသက်သာသွားစေပါတယ်။ဒီအဖြစ်လေးရဲ့နောက်မှာတွေးမိတာကလူ


တော်တော်များများဟာသူများအရှက်ရတဲ့အခြေနေမှာရယ်နိုင်ကြသေးလားလို့


ပါ။အပြစ်တင်တာမဟုတ်ပေမဲ့အမှန်အတိုင်းပြောရရင်မိန်းကလေးတစ်ယောက်


အရှက်ရတာကိုရယ်ကြတာမိန်းကလေးတွေများနေတာကိုပါ။ပိုပြီးစိတ်မကောင်း


တာကရယ်မိကြတဲ့အားလုံးလိုလိုပညာတတ်တွေဖြစ်နေတာပါ။ကျွန်မတို့လူမှုအ


သိုင်းအ၀ိုင်းမှာအဲလိုလူတစ်ယောက်အရှက်ရတာကိုရယ်တတ်ကြတဲ့လူဘယ်နှစ်


ယောက်ရှိနေပြီလဲ။အဲဒီလူတွေကိုရောဘယ်လိုအဆင့်အတန်းသတ်မှတ်မလဲ။


တကယ်တမ်းလူတစ်ယောက်အရှက်ရစေတဲ့အဖြစ်ကိုဝိုင်းဝန်းကူညီနိုင်ရင်၊စာ


နာနားလည်နိုင်ရင်အကောင်းဆုံးပါ။မစာနာတဲ့အပြင်လှောင်ရယ်တတ်တဲ့သူ


ရဲ့စိတ်ဟာဘယ်လောက်နိမ့်ကျနေပြီလဲဆိုတာပိုပြီးမြင်သာလာပါတယ်။


လူတိုင်းမတူဘူးဆိုပေမဲ့ပညာတတ်အသိုင်းအ၀ိုင်းကပိုပြီးဆင်ခြင်သင့်ပါတယ်။


(ပညာဆိုတာဘွဲ့ရပြီးအလုပ်လုပ်လို့ရတာမျိုးကိုပြောခြင်းမဟုတ်ပါ။အဲဒီပညာ


နောက်ကစဉ်းစားဆင်ခြင်စရာတွေမြှင့်ပေးနေတာ၊လူမှုလောကနဲ့ဆက်စပ်ပြီး


တွေးတောသင်ခန်းစာယူစရာ၊နှိုင်းယှဉ်ခံစားနိုင်မှုတွေရှိနေတာကိုပဲဆိုလိုချင်


ပါတယ်)။ဒီနေရာမှာဘာသာရေးကိုလဲထည့်စဉ်းစားမိပါတယ်။နည်းမှန်၊လမ်း


မှန်အရလူတိုင်းမှာကိုးကွယ်မှုဘာသာတရားရှိနေတာမို့အမှန်ကိုမြင်နိုင်ရပါ


မယ်။ဘာသာတရား၊ယဉ်ကျေးမှု၊အမှန်နဲ့အမှားဆက်စပ်နေပါတယ်။အခြေခံ


သဘောအရအမှန်ကိုသိမြင်မှစစ်မှန်တဲ့လူမှုအသိုင်းအ၀ိုင်းဆိုတာကိုပိုမိုနား


လည်လာနိုင်မှာပါ။အဲဒီမှာမှစိတ်ဓါတ်ယဉ်ကျေးတယ်ဆိုတာသိမြင်လာမှာပါ။


ဘာသာရေးတရားကိုနက်နက်နဲနဲသိရင်၊ယဉ်ကျေးမှုဆိုတာကိုမြင်တတ်ရင်


အဲဒီလောက်ထိစိတ်ဓါတ်တွေနိမ့်ကျမှာမဟုတ်ပါဘူးလို့တွေးမိပါတယ်။


ဒါကြောင့်ဒီဘက်ခေတ်မှာဗုဒ္ဓကိုတကယ်သိလို့၊တရားတကယ်ရှိတဲ့ဆရာ


တော်တွေကစိတ်ဓါတ်ပိုင်းဆိုင်ရာပြုပြင်ရမဲ့တရားတော်တွေကိုလူငယ်တွေ


အတွက်အလေးထားပြီးဟောကြားနေခြင်းပါ။ဆရာတော်တွေရဲ့ရည်ရွှယ်


ချက်ကလူငယ်တွေအသိုင်းအ၀ိုင်းမှာဖြူစင်တဲ့စိတ်၊စိတ်ဓါတ်ကောင်းတွေ


ကိန်းအောင်းဖို့ဦးတည်တယ်။နောက်ထပ်အရေးကြီးတာတစ်ခုကပတ်ဝန်း


ကျင်ကောင်းပါ။ပတ်ဝန်းကျင်ဆိုတဲ့အထဲမှာမိသားစု၊အပေါင်းအသင်း၊သူငယ်


ချင်း၊မိတ်ဆွေအာလုံးပါပါတယ်။ဒီပတ်ဝန်းကျင်ကလဲလူတစ်ယောက်မဟုတ်


တာလုပ်နေတာကိုမသိသလိုနေမယ်၊မကောင်းတာကိုလက်ခံအားပေးနေမယ်


ဆိုရင်ပတ်ဝန်းကျင်ကောင်းမဟုတ်တော့ပါဘူး။အဲဒီပတ်ဝန်းကျင်မှာကြီးပြင်း


လာသူတွေဟာကိုယ့်ကိုယ်ကိုဟုတ်လှပြီလို့ထင်နေသူတွေများနေမှာပါပဲ။


စိတ်ဓါတ်နိမ့်ကျသူတွေကိုမြင့်တက်လာအောင်လုပ်ဖို့၊ညစ်ထေးတဲ့စိတ်တွေ


ဖြူစင်စေဖို့ကလူမှုအသိုင်းအ၀ိုင်းမှာတာဝန်ရှိနေပြန်တာမို့လူတိုင်းပြုပြင်နိုင်


အောင်ကြိုးစားသင့်ပါတယ်။ဒ့ါအပြင်ဘာသာရေးတရားပတ်ဝန်းကျင်ကောင်း


နဲ့စာအုပ်ကောင်းတွေလေ့လာဖို့အများကြီးလိုအပ်ပါတယ်။စိတ်ဓါတ်ဖြူစင်


တာနဲ့အမျှအလိုလိုမြင့်မြတ်လာပါပြီ။အဲဒီစိတ်ဓါတ်ကိုပိုင်ဆိုင်ပြီဆိုရင်တော့


အဲလိုအမှတ်တမဲ့သူတပါးအရှက်ရစေတဲ့အဖြစ်လေးကိုတွေ့ရင်လှောင်မိ


ကြတော့မယ်မထင်ပါဘူး။ကိုယ်ချင်းစာနာစိတ်နဲ့ဖေးမမကူညီနိုင်ရင်တောင်


မလှောင်ရက်၊မရယ်ရက်တော့ပါဘူး။ဒါကြောင့်ကိုယ်ကစတင်ပြီးစိတ်ဓါတ်


မြင့်တက်ဖို့ကြိုးစားရန်လိုအပ်ကြောင်းအဲဒီနေ့အဖြစ်လေးကကျွန်မကိုအတွေး


တွေမွေးဖွားပေးနိုင်ခဲ့ပါတယ်။


(ကျွန်မကိုယ်တိုင်လဲအဲလိုအမှတ်တမဲ့ဒုက္ခလေးတွေမကြာခဏကြုံရဖူးပါ


တယ်။လူတိုင်းကြုံးဖူးကြမှာပါ။ခုလိုမိုးရာသီမှာပဲလူတွေစုံတဲ့အဝေးပြေးဂိတ်


ဝန်းထဲမှာကျွန်မခြေချော်လဲတဲ့နေ့တစ်နေ့ကိုခုထိမမေ့နိုင်ခဲ့ဘူး။အဲဒီအချိန်


ထူပူပြီးရှက်လွန်းလို့ဘယ်သူတွေကြည့်ပြီး၊ဘယ်သူတွေရယ်နေလဲမသိ


တော့ပါဘူး။လူတိုင်းမျက်လုံးတွေကျွန်မဆီရောက်နေမှာပဲတွေးပြီးရှက်တာ


ပဲသိပါတော့တယ်။ဒီအချိန်ကျွန်မတို့မြို့ကသူငယ်ချင်းရဲ့မောင်လေးအကူအ


ညီနဲ့ရှက့်ရွံမှုတွေ၊ငိုချင်မှုတွေကိုပြေလျော့စေခဲ့ပါတယ်။အဲဒီကောင်လေး


ဟာအမြင်အားဖြင့်လူပေါ်ကျော့ဂျစ်ကန်ကန်ကောင်လေးအဖြစ်သတ်မှတ်


ခြင်းခံရသူတစ်ယောက်ပါ။ဒါပေမဲ့သူရဲ့ကူညီဖေးမတတ်တဲ့စိတ်ရင်းကို


အဲဒီနေ့မှသိခွင့်ရခဲ့ပြီးဒီနေ့ထိလေးစားမိနေတုန်းပါ။သူကတော့မေ့နေ


လောက်ပြီဖြစ်ပေမဲ့ကျွန်မရဲ့မမေ့နိုင်တဲ့ဒီအဖြစ်နဲ့အတူသူရဲ့ကူညီတတ်


တဲ့စိတ်လေးကိုမကြာခဏခုလိုချော်လဲတဲ့သူတွေတွေ့တိုင်း၊အမှတ်တ


မဲ့ဒုက္ခရောက်တဲ့သူတွေတွေ့တိုင်းသတိရနေမိတတ်ပါတယ်။လူတိုင်း


မှာအဲလိုကူညီဖေးမစာနာတတ်တဲ့စိတ်လေးတွေရှိနေကြရင်အရာရာ


ဟာလှပနေတော့မှာပါ)


တကူးတကလာလည်ပြီးဖတ်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်...........

No comments:

Computer University