- လူတွေဟာ တခါတရံမှာ မျှတမှု၊ မှန်ကန်စွာတွေးခေါ်မှု တို့ မရှိဘဲ သူတို့အတွက်ပဲ ကြည့်တတ်ကြလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သူတို့ကို ခွင့်လွှတ်လိုက်ပါ။
- သင်ဟာ ကြင်နာတတ်ပေမယ့် လူတွေက တကိုယ်ကောင်းဆန်သူ၊ ကောက်ကျစ်တဲ့ အကြံအစည်ရှိသူလို့ စွပ်စွဲချင် စွပ်စွဲကြလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဆက်ပြီး ကြင်နာပါ။
- သင် အောင်မြင်ခဲ့ရင် မိတ်ဆွေအတုတွေနဲ့ ရန်သူအစစ်တွေ ရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဆက်ပြီး အောင်မြင်အောင် လုပ်ပါ။
- သင်ဟာ ရိုးသားပွင့်လင်းရင် လူတွေက သင့်ကို လိမ်လည်လှည့်ဖျား ကြလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဆက်ပြီး ရိုးသားပွင့်လင်းပါ။
- သင်နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ အရာတစ်ခုကို တစ်စုံတစ်ယောက်က တစ်ညထဲနဲ့ ဖျက်ဆီးပစ်နိုင်တာပါပဲ။ ဘာပဲဖြစ်ဖြစ် ဆက်ပြီး တည်ဆောက်ပါ။
- သင် တည်ငြိမ်အေးချမ်းစွာနဲ့ ပျော်ရွှင်နေရင် မနာလိုသူတွေ ရှိချင်ရှိလာပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဆက်ပြီးပျော်ရွှင်ပါ။
- သင် ဒီနေ့လုပ်တဲ့ ကောင်းမှုကို မနက်ဖြန်မှာ လူတွေ မေ့ချင် မေ့သွားကြလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကောင်းမှုတွေ ဆက်လုပ်ပါ။
- လောကကို သင့်မှာရှိတဲ့ အကောင်းဆုံးတွေ ပေးပါ။ အဲဒါဟာ လုံလောက်မှာတော့ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် သင့်ရဲ့အကောင်းဆုံးတွေ လောကကို ဆက်ပေးပါ။
- သင့်တို့သိတဲ့အတိုင်း နောက်ဆုံး တကယ်တမ်းဆန်းစစ်တဲ့ အချိန်မှာတော့ ဒါဟာ သင်နဲ့ဘုရား ကြားက ကိစ္စသက်သက်ပါပဲ။ ဘာပဲဖြစ်ဖြစ် သင်နဲ့သူတို့ကြားကကိစ္စ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ (ဒီနေရာမှာ ကျွန်မတို့ ဗုဒ္ဓဘာသာ အယူအဆနဲ့ဆိုရင် ကိုယ်ပြုလုပ်သမျှ အကောင်းအဆိုးဟာ တခြားလူတွေနဲ့ မဆိုင်ဘဲ ကိုယ်ပြုတဲ့ကံ ကိုယ်ပဲခံစား စံစားရတယ် လို့ အဓိပ္ပါယ်ယူမိပါတယ်။)
Wednesday, July 9, 2008
ဘာပဲဖြစ်ဖြစ်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment