Tuesday, July 15, 2008

ချစ်သူဆီ


စိမ်းစိုတဲ့သစ်ပင်ကြီးတွေဖုံးအုပ်ပြီးလဲလျောင်းနေတဲ့

တောင်တန်းကြီးကိုကျွန်မငေးမောမိတဲ့အခါနှလုံးသားမှာ

အချစ်အတွက်အလွမ်းတွေစုလို့နေပါတယ်။

စိမ်းလန်းမှုအရိပ်ကအေးချမ်းမှုကိုပုံသဏ္ဍာန်ဖော်ပေးပါသလား။

လေပြေလေးရေခပ်ဖြည်းဖြည်းလေးတိုက်ခတ်ရင်း

အချစ်ဝတ်မှုန်လေးတွေကိုသယ်သွားပေးပါ။

အညိုရောင်တောင်တန်းကြီးလိုခိုင်မြဲမှုတွေနဲ့

ချစ်သူကိုချည်တွယ်ထားပါရစေ။

လေထဲ၊မိုးထဲ၊နေရောင်အောက်မှာမားမားရပ်နေတဲ့

အညိုရောင်တောင်တန်းကြီးလိုသစ္စာတရား

တွေနဲ့မားမားရပ်ပါရစေ။ချစ်သူရဲ့အတားအဆီးမဲ့

အချစ်တွေကိုကျွန်မယုံကြည်စွာချစ်ပါရစေ။

ကျွန်မရဲ့အေးစက်တဲ့ရိုးတွင်းချဉ်ဆီတွေကို

လောင်မြိုက်စေတဲ့ဝေဒနာတွေနဲ့တော့

အချစ်ကိုတည်ဆောက်ပိုင်ခွင့်မပေးချင်ပါဘူး။

လမင်းလိုအေးမြခြင်းနဲ့နေရောင်တွေလိုပူနွေးမှုတွေကို

နှလုံးသားထိရောက်အောင်ကျွန်မပွေ့ပိုက်ယူပါရစေ။

2 comments:

Anonymous said...

ဝေဒနာကင်းတဲ့ သစ္စာရင်းခံတဲ့ အကြွင်းမဲ့ချစ်ခြင်းတွေ ပိုင်ဆိုင်နိုင်ပါစေ...

ရှင်သန်မှု said...

အေးချမ်းမှုဆိုတာလိုချင်ရင်တဖက်သားကိုပူလောင်နေအောင်သွားမလုပ်ရဖူးလေ.ဒါမှကိုယ်ကိုတိုင်အေးချမ်းမှုကိုရမှာပေါ့။မေတ္တာဆိုတာအသွားအပြန်ရှိတယ်လေ။

Computer University