မိတ်ဆွေစစ်ဆိုတာ
၁။မိမိကိုအင်မတန်ပေးနိုင်ခဲတဲ့အရာတွေပေးတယ်။
၂။မိမိကသတိလက်လွတ်လို့ပဲဖြစ်ဖြစ်၊အခြားအခြေအနေတစ်ရပ်ရပ်ကြောင့်ပြောမိတဲ့
စကားအပြုအမှုကိုသည်းခံနိုင်တယ်။
၃။လှို့ဝှက်စကား၊မပေါက်ကြားစေလိုတဲ့စကားကိုလှို့ဝှက်ထားပေးတယ်။
၎။အန္တရာယ်နဲ့ကြုံရင်စွန့်ပစ်ကျောခိုင်းမသွားဘူး။
၅။ဆင်းရဲနိမ့်ကျသွားတဲ့အခါမထိမဲ့မြင် အထင်သေးခြင်းမပြုဘူး။
၆။အောင်မြင်ကျော်ကြားလာရင်မရှု့ဆိတ်မဖြစ်ဘူး။
၇။မိမိရဲ့အောင်မြင်မှုကျော်ကြားမှုကိုဝမ်းမြောက်ဂုဏ်ယူစွာအခြားသူတွေကိုတဆင့်
ပြောပြနိုင်တယ်။
၈။မိမိရဲ့ဂုဏ်သတင်းညှိုးမှိန်စေတဲ့စကားပြောရင်လဲ“ဒီလိုမဟုတ်ပါဘူး၊
ဒီလိုမပြောသင့်ပါဘူး”လို့ဟန့်တားတတ်တယ်။
မိတ်ဆွေမဆန်တဲ့သူတွေနဲ့ဆက်ဆံရဖန်များလို့စိတ်တွေနွမ်းနယ်ပင်ပန်းတဲ့
အခါမျိုးမှာဌက်ကလေးလိုအတောင်ညောင်းလို့“လေမရှိရင်ကောင်းမှာပဲ”ဆိုပြီး
“လူတွေမရှိရင်ကောင်းမှာပဲ၊အလကားလူတွေချည်းပဲလို့”သိမ်းကြုံးပြောမိတတ်ပါတယ်။
ကိုယ်ကမိတ်ဆွေကောင်းရဲ့ဂုဏ်အင်္ဂါနဲ့အညီအတတ်နိုင်ဆုံးဆက်ဆံပါလျက်နဲ့
မိတ်ဆွေမဆန်တဲ့စိတ်ထား၊မှုမမှန်တဲ့သူတွေနဲ့ပဲကြုံဆုံရတယ်ဆိုရင်တော့ရှောင်သင့်
ကရှောင်ရမည်။တစ်ခါတစ်လေမှာကိုယ်ကိုယ်တိုင်မိတ်ဆွေကောင်းရဲ့ဂုဏ်အင်္ဂါနဲ့မညီလို့
မိတ်ဆွေကောင်းမရှိတာမျိုးတွေရှိတတ်လို့စဉ်းစားဖို့လိုပါတယ်။လောကမှာ၊စိတ်အချရဆုံး၊
အကောင်းဆုံးအမွန်မြတ်ဆုံးဖြစ်တဲ့မိမိရဲ့ဉာဏ်၊၀ီရိယကိုမိတ်ဆွေကောင်းအဖော်ကောင်းပြု
ရမှာပါပဲ။ဘယ်သူတွေဘယ်လိုပဲမိတ်ဆွေကောင်းစိတ်ထားမရှိရင်နေပါစေ၊
ကိုယ်ကိုတိုင်ကစပြီးမိတ်ဆွေပီသသူ၊စိတ်ထားမှန်မှန်နဲ့
ကောင်းတာလုပ်နိုင်သူဖြစ်အောင်ကြိုးစားရမယ်။
(ဆရာနန္ဒာသိန်းဇံရဲ့“မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်း”စာအုပ်လေးမှ နှစ်သက်မိသည်များကိုဖော်ပြပေးခြင်းပါ)
Subscribe to:
Post Comments (Atom)

1 comment:
yes,good fri r like that.but must exactly know who is really are....
Post a Comment