Friday, July 11, 2008

funny

July လထုတ်ကွန်ပျုတာဂျာနယ်မှရယ်မောစရာလေးကိုဖောက်သယ်ချရခြင်းပါ။

ကွန်ပျုတာဟာအထီးလား၊အမလား?


အမဖြစ်နိုင်တဲ့အကြောင်းရင်း.....

-အတွင်းပိုင်းစိတ်သဘောထားကိုနားလည်တဲ့သူတစ်ယောက်မှမရှိဘူး၊

ဖန်တီးသူတွေကိုယ်တိုင်တောင်နားမလည်ဘူး။


-လူတွေသဘောမပေါက်နိုင်တဲ့ဘာသာစကားတွေသုံးစွဲပြီးတစ်ခြား

ကွန်ပျုတာတွေနဲ့ဆက်သွယ်တတ်လေ့ရှိတယ်။


-အမိန့်မှားယွင်းပေးမိရင်“မင်းလုပ်တာငါရုးသွားပြီ၊ဒါပေမဲ့အဲဒါကိုငါ....

ဘယ်တော့မှပြောမှာမဟုတ်ဘူး”ဆိုတဲ့အဓ္ဓါယ်နှစ်ခွစကားလုံးတွေကိုပြောတတ်တယ်။


-တကယ့်သေးဖွဲတဲ့အမှားအယွင်းကလေးတစ်ခုရှိတာတောင်နှစ်ရှည်လများ

သိမ်းဆည်းတတ်တယ်။


-သူတို့ကိုတာဝန်စယူလိုက်ပြီဆိုတာနဲ့ယုယမှုပေးရတော့မယ်၊

အချိန်ပေးရတော့မယ်၊ပစ္စည်းတွေဝယ်ပေးရတော့မယ်။


အထီးဖြစ်နိုင်တဲ့အကြောင်းရင်း....


-သံသယဖြစ်လောက်စရာအချက်အလက်တွေအများအပြားရှိနေတယ်၊

ဒါပေမဲ့သဲလွန်စရှာမတွေဘူး။


-ပြဿနာကိုကူညီဖြေရှင်းပေးတယ်၊ဒါပေမဲ့အဲဒီအကူအညီကြောင့်

ပြဿနာတွေဖြစ်နေတတ်ပြန်တယ်။


-ပစ္စည်းအသစ်အကောင်းလေးတပ်ဆင်ကာစမှာအမိန့်ကိုကျိုးနွံစွာနာခံတတ်တယ်၊

အဲပြီးတော့...ပစ္စည်းအသစ်အကောင်းလေးကိုပြန်လည်တောင်းဆိုပြန်ရော။


-သူတို့အာရုံစူးစိုက်မှုရရှိဖို့ဇက်ကြိုးနာနာတင်းတင်းပေးဖို့လိုတယ်၊

သူတို့ဟာအာရုံတွေထွေပြားနေတတ်တယ်။


-မီးပလပ်ကြိုးဖြုတ်ပြီးအနားပေးထားတာတောင်ပင်လယ်လှိုင်းတွေလိုတအိအိစွမ်းအား

ပြည့်နေတတ်တယ်။

1 comment:

မိုးမြင့်တိမ် said...

ဟား ဟား ဟား ဟား သိပ်ကောင်းတဲ့ စာလေးဘဲ ခရေညို့ ကွန်ပြူတာကကော အထီးလား အမလား?

Computer University